ဂွမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်  နွေရာသီယဉ်ကျေးလိမ္မာရက်တို သင်တန်းများ ဖွင့်လှစ်

ဂွ ဧပြီ  ၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၌၊ မြို့နယ်တွင်းရှိ အခြေခံပညာ ကျောင်းပေါင်း ၁၄၀ တွင် နွေရာသီယဉ်ကျေးလိမ္မာ ရက်တိုသင်တန်းများသည် ဖွင့်လှစ်လျက်ရှိသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန် ကြီးကြပ်မှုဖြင့် ဧပြီလ(၃) ရက်နေ့မှ (၇)ရက်နေ့ထိ (၅)ရက်ကြာသင်ကြားပို့ချပေးလျက်ရှိသည့် မြို့နယ်လုံးကျွတ် ဖွင့်လှစ်ထားသော ယဉ်ကျေးလိမ္မာ ရက်တိုသင်တန်းသည် ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့် ပြည်သူ့နီတီများကိုသိရှိကာ နွေရာသီအားလပ်ရက်ကို အကျိုးရှိစွာ အသုံးချခြင်းဖြင့်  ကျောင်းသား၊ ကျောင်းသူများအား လိမ္မာယဥ်ကျေးသည့် သားကောင်းသမီးမွန်များ ဖြစ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်