ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ကွမ်းခြံကုန်း ဧပြီ ၆ 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမ၌    (Book  Club)အသင်း နှင့် (Women  Club)တို့ ယမန်နေ့က စာရေးဆရာ ချစ်စံဝင်းရေးသားသည့် အချိန်ကို မိတ်ဆွေဖွဲ့ပါ ရန်သူမလုပ်ပါနှင့် စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဒေါ်နန့်ဆွေနွယ်ဦး (ဦးစီးအရာရှိ)မှ တက်ရောက်လာသူများအား စာဖတ်ဝိုင်း  ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး (Women  Club) အဖွဲ့ဝင်၊ ဒေါ်နွယ်နွယ်အေးက အချိန်ကိုဇယားချ၍ သုံးခြင်း  အကြောင်းအရာအား လည်းကောင်း၊ (Book Club)အဖွဲ့ဝင် ဦးတင်ထွန်းဦးက မြန်မာစရိုက်နှင့်  အချိန်အကြောင်းအရာအားလည်းကောင်း၊ မွေးသည့်မှအလုပ်စတင်ဝင်သည်အထိ အချိန်စသည့် အကြောင်းအရာပါ(စာရေးဆရာ)ချစ်စံဝင်း ရေးသားသည့်အချိန်ကို မိတ်ဆွေဖွဲ့ပါ ရန်သူမလုပ်ပါနဲ့ စာအုပ်အားဖတ်ကြားဆွေးနွေးခဲ့ရာ ၎င်းစာအုပ်ပါ  အကြောင်းအရာများကို အမြင်ချင်းဖလှယ်ကာ စာဖတ်ဝိုင်းကျင်းပခဲ့ကြကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနအနေဖြင့် ပြည်သူများ  အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online page မှတဆင့် စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်းအပြင် စာအုပ်များငှားရမ်းပေးခြင်း၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ သင်တန်းများ ကျင်းပပြုလုပ်ပေးခြင်း၊ (Talk Show)နှင့်  စာဖတ်ဝိုင်းများကိုလည်း စဥ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။

ဆွေနွယ် (IPRD)