လှိုင်သာယာ(အနောက်ပိုင်း) အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ရည်ရွယ်၍ လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ အလယ်ကျေးရွာ၊ အတွင်းပဒံကျေးရွာ ၊အပြင်ပဒံ ကျေးရွာများရှိ Lockdown ချထားသော လမ်းများမှ အိမ်ထောင်စုများအတွက် ဆန်၊ဆီ၊ကြက်ဥ၊ဆား နှင့် Maskများကို ယမန်နေ့ ညနေပိုင်းက ပေးအပ်လှူဒါန်းသည်။
ထိုသို့ လှူဒါန်းပေးအပ်ရာတွင် လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ ကိုယ်စား လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူတို့က လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အလယ်ကျေးရွာတွင် Lockdown ချထားသော လမ်းများမှ အိမ်ထောင်စု(၂၀)စု အလယ်ရွာလေး(မြေတိုင်း−၂၂) တွင် Lockdown ချထားသော လမ်းများမှ အိမ်ထောင်စု(၁)စု၊အပြင်ပဒံကျေးရွာတွင် Lockdown ချထားသော လမ်းများမှ အိမ်ထောင်စု(၄)စု ၊အပြင်ပဒံကျေးရွာတွင် Lockdown ချထားသော လမ်းများမှ အိမ်ထောင်စု(၁၁)စု၊ စုစုပေါင်း Lockdown ချထားသော လမ်းများမှ အိမ်ထောင်စု(၃၆)စု တို့ကို ပေးအပ်လှူဒါန်းသည်။
အဆိုပါ လှူဒါန်းပေးအပ်ရာတွင် အိမ်ထောင်စုတစ်စုလျှင် ဆန်(၂)ပြည်၊ဆီ(၅၀)သား(၁)ဘူး၊ကြက်သွန်နီ (၁)ပိဿာ ၊ဆား(၁)ထုပ် နှင့် နှာခေါင်းစည်း Mask များအား ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)