မော်လမြိုင် ဧပြီ ၆
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်၀န်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရ အဖွဲ့၀င်၀န်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာကော်မတီ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် တာ၀န်ရှိသူများက အခြေခံပညာကျောင်းပေါင်းစုံမှ ၀င်ရောက်ယှဉ်ပြိုင်နေကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ ပန်းချီနှင့်ပိုစတာများရေးဆွဲနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် (၂၆)ကြိမ်မြောက် မူလတန်း၊ အလယ်တန်းနှင့်အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင်(၆၆ )ဦး၊ ပိုစတာပြိုင်ပွဲတွင် (၇၁)ဦးနှင့် ကာတွန်းပြိုင်ပွဲတွင် (၃၈)ဦး စုစုပေါင်း(၁၇၅)ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဧပြီလ ၇ ရက်နေ့တွင် ကွန်ပျူတာပန်းချီပြိုင်ပွဲအား ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုရရှိသူများအား ထိုက်ထိုက်တန်တန် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း တာ၀န်ရှိသူတစ်ဉီးထံမှ သိရှိရသည်။
ခင်စန်းမြင့် ခရိုင်ပြန်/ဆက်