မြောက်ဥက္ကလာပ အောက်တိုဘာ ၂
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများ သံသယရှိသူများကို Quarantine Centre များတွင် ထားရှိခဲ့ပြီး Quarantine ဝင်ရောက်သူ ပြည်သူများ အဆင်ပြေစွာ နေထိုင် စားသောက်နိုင်ရေးအတွက် အလှူရှင်များက လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းကစ၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြိုနယ်၊ (ဆ)ရပ်ကွက် အ.ထ.က(၁)ကျောင်း Quarantine Centre အတွက် အလှူရှင်များမှ အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် လောကနတ်သင်္ကန်းတိုက်မှ အလှူငွေကျပ်(၅)သိန်း၊ အ.ထ.က(၁) မြောက်ဥက္ကလာပကျောင်းမှ ဆရာ၊ ဆရာမများက အလှူငွေကျပ်(၂)သိန်း၊ ဒေါ်အုန်းရီမိသားစုက အလှူငွေ(၁)သိန်း၊ ကိုရီးယားရောက်သူငယ်ချင်းများက အလှူငွေကျပ် (၁)သိန်း၊ ဒေါ်သန်းသန်းကြင် မိသားစုက အလှူငွေကျပ်(၁)သိန်း၊ အ.ထ.က(၁) မြောက်ဥက္ကလာပ(၈၆) ကျောင်းသားဟောင်းများက အလှူငွေကျပ်(၃)သိန်း၊ မခင်ဆုကြည် မိသားစုက အလှူငွေကျပ်(၁)သိန်း၊ စုပေါင်းလှူဒါန်းမှု ငွေကျပ် (၁၆၀၀၀၀) ကို အလှူရှင် အသီးသီးက အ.ထ.က(၁)ကျောင်း Quarantine Centre တွင် လိုအပ်သည့် နေရာများ၌ အသုံးပြုနိုင်ရန် လာရောက်လှူဒါန်းရာ (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ထက်ထက်ဝင်း နှင့် ရုံးအဖွဲ့များက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆက်လက်၍ (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ထက်ထက်ဝင်းက အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး အဆိုပါ Quarantine Centre အတွက် Volunteer လိုအပ်၍ Volunteer အဖြစ် ဆောင်ရွက်လိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉-၂၅၂၄၂၉၈၈၃သို့ ဆက်သွယ်နိုင်ကြောင်း သိရ သည်။
မြမြဝင်း (ပြန်/ဆက်)