ပေါက်တောမြို့၌ နွေရာသီကျောင်းပိတ်ရက်များတွင် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်လျက်ရှိ

ပေါက်တော ဧပြီ ၆

ပေါက်တောမြို့၌ နွေရာသီကျောင်းပိတ်ကာလရက်များတွင်  လူငယ်များ ဗုဒ္ဓဘာသာဆိုင်ရာ စာပေများကို စနစ်တကျလေ့လာသင်ယူပြီး အမျိုးဘာသာသာသနာ ကြီးပွား တိုးတက်ရေးနှင့် ယဉ်ကျေးသော လူ့အဖွဲ့အစည်း တည်ဆောက်နိုင်ပြီး နိုင်ငံနှင့်လူမျိုးအကျိုးသယ်ပိုးနိုင်သော နိုင်ငံသားကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပေါက်တော မြို့ရှိ အားကစားခန်းမ၌ ဖွင့်လှစ်လျက်ရှိသည်။

အဆိုပါ အခြေခံဗုဒ္ဓယဉ်ကျေးမှုသင်တန်းကို ဟိတေသီဆရာတော်က ဧပြီ ၄ ရက်မှ ဧပြီ ၁၀ ရက်နေ့အထိ ၇ ရက်ကြာဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး ပေါက်တောမြို့ပေါ်မှ ကျောင်းသား ကျောင်းသူ ၅၀ ဦးခန့် တက်ရောက်သင်ကြားလျက်ရှိကြသည်။

ဝင်းမင်းစိုး