လမ်းမတော် အောက်တိုဘာ ၂
လမ်းမတော်မြို့နယ်တွင် Stay at home ကာလအတွင်း ပြည်သူများနေအိမ်ပြင်ပသို့ အကြောင်း မဲ့ သွား လာ ခြင်းမပြုရန် အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းကမြို့နယ်ကိုဗစ်-၁၉ရောဂါထိန်း ချုပ် ရေး-နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှဦးဆောင်၍ တာဝန်ရှိသူများကပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
လမ်းမတော်မြို့နယ် အနော်ရထာလမ်းနှင့် ဗိုလ်ချုပ်လမ်းမပေါ်တွင်သွားလာ နေသောယာဥ်များ အားရပ်တန့် စေပြီး ပြည်သူများ မိသားစုကျန်းမာရေးနှင့်စားသောက်ရေးဈေး ဝယ်ခြင်းကိစ္စများမှ လွဲပြီး အကြောင်းမဲ့ပြင်ပ ထွက်ခွာသွားလာခြင်းမပြုရန် အသိပညာပေးခဲ့သည်။ယင်းသို့ဆောင် ရွက်ခြင်း သည်ကိုဗစ်၁၉ရောဂါကူးစက် မှုနှုန်းပိုမိုများပြားလာမှုကြောင့်ထိထိရောက်ရောက်ကာကွယ်နိုင်ရန်ဆောင် ရွက်ရခြင်းဖြစ်ကြောင်းသိရသည်။
ကျော်ဆန်းမြင့် လမ်းမတော်(ပြန်/ဆက်)