မာန်အောင် ဧပြီ ၆
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့ အလုပ်မအားလပ်၍ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံး ဝန်ထမ်းများနှင့် စာဖတ်ပရိသတ်များအားစာပေဖတ်ရှုမှု အဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက်( အခမဲ့)ငှားရမ်းဝန်ဆောင်မှုပေးလျက်ရှိရာ ယနေ့မွန်လွဲ၁နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးခဲ့သည်။
ထိုသို့ ငှားရမ်းပေးရာတွင် စာဖတ်သူများစာပေ ဗဟုသုတ ရရှိစေရန်၊စာဖတ်ခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် သုတ/ရသ/ဝတ္တုစာအုပ်များ၊မဂ္ဂဇင်းစာအုပ်များကို တစ်ပတ်ငှားရမ်းပြီး တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်ဖြင့် ပြန်လည်လဲလှယ်ငှားရမ်းပေးသည့်စနစ်ဖြင့်(အခမဲ့) ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)