သုံးခွမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် (နောက်ဆုံးအကြိမ်) အဖြစ် ကပ်ထားကြေညာ

သုံးခွ အောက်တိုဘာ ၂


ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများအား ဒုတိယအကြိမ် (နောက်ဆုံးအကြိမ်) ကပ်ထားကြေညာခြင်းကို သုံးခွမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး များတွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ကပ်ထား ကြေညာ ထားကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၄)ရက်ထိ (၂)ပတ် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး များတွင် ဒုတိယအကြိမ် (နောက်ဆုံးအကြိမ်) အဖြစ် ကပ်ထားကြေညာထားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများက မဲစာရင်းကို လာရောက်ကြည့်ရှုစစ်ဆေး၍ မိမိအမည် မဲစာရင်း တွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည် ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက် အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက် နိုင်ပြီး လိုအပ်သည့် ပုံစံများကိုလည်း  ရပ်ကွက် /ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးများတွင်  အခမဲ့ရယူနိုင်ကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများကို  ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၂၅ ရက်နေ့မှ သြဂုတ် ၁၄ ရက်နေ့ထိ ပထမ အကြိမ် ကပ်ထားကြေညာခဲ့ပြီး ယခုအကြိမ် ကပ်ထား ကြေညာခြင်းမှာ ဒုတိယအကြိမ် (နောက်ဆုံး အကြိမ်) ကပ်ထားကြေညာပေးခြင်းဖြစ်ရာ မဲဆန္ဒရှင်ပြည်သူ များအနေဖြင့် ရွေးကောက်ပွဲနေ့တွင် လွယ်ကူစွာ မဲပေးနိုင်ရေး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ စည်းကမ်းချက်နှင့်အညီ အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး လာရောက်ကြည့်ရှုကြစေရန်နှင့် မိမိနှင့်မိသားစုတို့၏ မဲစာရင်းအမှတ်စဉ်များကို မှတ်သားထားခြင်းဖြင့် ရွေးကောက်ပွဲနေ့ မဲရုံတွင် မဲလက်မှတ်ရယူရာ၌ အချိန်ကုန် သက်သာစေရေး ပူပေါင်းကူညီဆောင်ရွက် ပေးစေလိုကြောင်းကို ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က မဲဆန္ဒရှင် ပြည်သူများသို့ မေတ္တာရပ်ခံအသိပေး ကြေညာထား  သည်။
အထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပသွား မည်ဖြစ်ရာ သုံးခွမြို့နယ်၌ ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်စုစုပေါင်း (၁၂၄၀၉၉) ဦးခန့်ရှိပြီး မဲရုံပေါင်း (၁၇၅) ရုံ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်