ပျဉ်းမနား ဧပြီ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၌ ကပြဖျော်ဖြေမည့် ပျဉ်းမနားမြို့နယ်ကိုယ်စားပြု ယိမ်းအကအဖွဲ့လေ့ကျင့်နေမှုအား ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် အဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲပိုင်းကကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့မှ ၁၆ရက် နေ့အထိ နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်သို့ ကြွရောက်မည့် ဧည့်ပရိတ်သတ်များအား ဝန်ကြီးဌာနများ၏ ယိမ်းအကများ၊ တေးသံသာများဖြင့် နေ့စဉ်ဧည့်ခံဖျော်ဖြေသွားမည်ဖြစ်ရာ ပျဉ်းမနားမြို့နယ်ကိုယ်စားပြုယိမ်းအဖွဲ့ဝင်များက မြန်မာ့ရိုးရာမဟာသင်္ကြန် သီချင်းများဖြင့် ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)