ညောင်ဦးခရိုင် ပြည်သူ့စာကြည့်တိုက် ( Community Centre ) ခန်းမတွင်စာအုပ်ပြပွဲကျင်းပ

ညောင်ဦး ဧပြီ ၅

ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာစောင်များခင်းကျင်းပြသခြင်းကို ဧပြီ ၅ ရက်၊ နံနက် ၁၁ နာရီ အချိန်က ခင်းကျင်းပြသခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က ကျောင်းသား/ကျောင်းသူများ နွေရာသီအားလပ်ရက် ပြင်ပဗဟုသုတရှာဖွေရန် ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာငှားအသင်းဝင်ကတ်ပြားပြုလုပ်၍ စာအုပ်များငှားရမ်းဖတ်ရှုနိုင်ခြင်းနှင့် ပြည်သူ့စာကြည့်တိုက်တွင် မိမိတို့ကြိုက်နှစ်သက်သည့် စာပေများ လေ့လာဖတ်ရှုနိုင်ကြောင်း ပြောကြားသည်။ ပြီးနောက် ခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေး အကြောင်းအရာများ၊ ကျောင်းသား/သူများလေ့လာသင့်သည့် စာအုပ်စာစောင်များကိုပြသထားရာ ကျောင်းသား/သူများက စိတ်ဝင်တစားလေ့လာကြည့်ရှုကြပြီး ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကျောင်းသား/သူများကို အမှတ်တရ ဗလာစာအုပ်၊ ဘောပင်များပေးအပ်သည်။ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်အများပြည်သူများကို Online မှတစ်ဆင့် ပြည်သူများ အသိပညာ ဗဟုသုတများစွာရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ (Talk Show)  များ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများကို လစဉ်ဆက်လက်ကျင်းပ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒီပါလင်းဦးဝင်းထိန်