လှည်းကူး ဧပြီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သောစာဖတ်ပရိတ်သတ်များအတွက် Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များငှားရမ်းပေးခြင်းနှင့် ငှားရမ်းထားသောစာအုပ်များပြန်လည်သိမ်းဆည်းခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လှည်းကူးမြို့နယ်မီးသတ်ဦးစီးဌာနသို့ ကွင်းဆင်းဆောင်ရွက်ပေးသည်။
ထိုသို့ Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များငှားရမ်းပေးခြင်းအားဖြင့် စာဖတ်ပရိသတ်ပိုမိုတိုးတက်လာခြင်း၊ အသင်းဝင်ပိုမိုတိုးတက်လာခြင်း၊ အကြောင်းအမျိုးမျိုးကြောင့်စာကြည့်တိုက်သို့မလာရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူစာဖတ်ပရိတ်သတ်များ အလွယ်တကူစာပေဖတ်ရှုလေ့လာနိုင်ခြင်း၊ အားလပ်အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်စေခြင်းစသည့် စာပေဖတ်ရှုလေ့လာခြင်းဖြင့်အတွေးအခေါ်ပိုမိုကောင်းမွန်လာခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်စေရန်ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများသို့ အပတ်စဥ်အလှည့်ကျစာအုပ်/စာစောင်များကွင်းဆင်း၍ ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)