တောင်ကုတ် ဧပြီ ၆
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် ၂၀၂၂ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသော စာအောင်သံဃာတော်များအား မြို့နယ်လုံးဆိုင်ရာ စူဠဘွဲ့နှင်းသဘင်ဆု ဆက်ကပ်လှူဒါန်းပွဲကို မြို့မကျက်သရေဆောင် ဖောင်တော်ဦးစေတီတော်ရှိ ဓမ္မဝိဇယသာသနာ့ ဗိမာန်တော်ကြီး၌ ယမန်နေ့ညနေ (၃) နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ကိုင်းရှည်စေတျာရာမကျောင်းတိုက် နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇအဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တသူရိယဓဇ ဆရာတော်အရှင်သူမြတ်က အဖွင့်သာရဏီယကထာ ချီးမြှင့်ပြီးနောက် ဩဝါဒဆရာတော်ကြီးများနှင့်ကြီးကြပ်ဆရာတော် စုစုပေါင်း(၂၁)ပါး၊ ၂၀၂၂ ခုနှစ်၊ ပါဠိပထမပြန်စာအောင်သံဃာတော်များဖြစ်ကြသည့် ပထမလတ်တန်းအောင်(၃)ပါး၊ ပထမငယ်တန်းအောင် (၃) ပါးနှင့်အခြေပြု မူလတန်းအောင် (၁၅) ပါးတို့အား တာဝန်ရှိသူများက အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်း ကြသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ တောင်ကုတ်တပ်နယ်မှ ဗိုလ်မှူးကြီး စိုင်းသူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းထွဋ်လွင်နှင့် ဒုတိယပါမောက္ခချုပ်၊ ကထိကများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်