ဘူးသီးတောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ဘူးသီးတောင် ဧပြီ  ၆

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့နေ့လယ်(၁)နာရီအချိန်က အဆိုပါခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းကြောင့် လူငယ်များအနေဖြင့် အသိပညာဗဟုသုတတိုးပွားစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးပြုတတ်စေရန်နှင့် ဉာဏ်ရည် ဉာဏ်သွေးကို တိုးတက်စေခြင်း၊ တီထွင်ကြံဆနိုင်မှုနှင့် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ ဆန်းသစ်တီထွင်တွေးတောကြံဆနိုင်မှုစသည့်များအား အထောက်အကူပြုစေနိုင်ရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်၊ စာအုပ်စာပေနှင့်လည်းရင်းနှီးမှုရှိစေရန် ကျင်းပပြုလုပ်ပေးခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကဗျာရွတ်ပြိုင်ပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာပြိုင်ပွဲတွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်ကျောင်းသား(၁၅)ဦးမှ ဝင်ရောက်ယှဉ်ပြိုင်သွားပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား ဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)