ရသေ့တောင် ဧပြီ ၆
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအစီစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ရသေ့တောင်မြို့မှ စားသုံးဆီကိုယ်စားလှယ် ဦးထွန်းမြနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ စားသုံးရေးရာဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ယမန်နေ့နံနက် (၉) နာရီအချိန်က တောင်ရင်းတန်းရပ်ကွက်ရှိ စေတီတောင်ဘုရားကွင်း၌ စားသုံးဆီများကို စျေးနှန်းချိုသာ စွာဖြင့် စနစ်တကျ ရောင်းချပေးခဲ့ကြသည်။
ထိုသို့ရောင်းချရာတွင် စားသုံးဆီတစ်ပိဿာလျှင် (၅၂၀၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ၁ပိဿာနှုန်းဖြင့် ရောင်းချခဲ့ရာ မြို့ပေါ်ရပ်ကွက်အသီးသီးမှမိဘပြည်သူများက လာရောက် ဝယ်ယူသူများနှင့် စည်ကားလျှက်ရှိကြောင်း သိရှိရသည်။ နောက်နေ့များတွင်လည်း ကျန်ရှိသည့်ရပ်ကွက်များတွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားသုံးဆီ ကိုယ်စားလှယ် ဦးထွန်းမြထံမှ သိရှိရပါသည်။
ထွန်းလင်းကျော်