လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

 လှိုင်သာယာ(အရှေ့ပိုင်း) ဧပြီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ၂၀၂၃ ခုနှစ်၊ ယမန်နေ့နံနက်(၉)နာရီ၌ အမှတ်()ရပ်ကွက်၊ မာန်အောင်ဓမ္မရုံဘေးရှိ တိုးချဲ့ဆောင်၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့မှတာဝန်ရှိသူများက ထိုးနှံပေးလျက်ရှိသည်။ 

အဆိုပါပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေး၀န်ထမ်းများက ရပ်ကွက်ကျေးရွာများရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးများအား စာရင်းများကောက်ယူခြင်း၊  အဆုတ်ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညာ၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမြှေးရောင်၊ နမိုးနီးယားကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေးနှင့်ထိုးဆေး၊ မေးခိုင်ရောဂါကာကွယ်ဆေး၊ ဝမ်းရောဂါကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများ  ပုံမှန်ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်း ဆရာမများက အဖွဲ့များခွဲ၍ မြေပြင်ကွင်းဆင်းကာ ရပ်ကွက်၊ ကျေးရွာများရှိ စုရပ်အသီးသီးတွင် ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး အပတ်စဉ်တနင်္လာနေ့တိုင်း မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ရုံးများတွင်လည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန တာ၀န်ရှိသူထံမှ သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)