ရွာငံ ဧပြီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်၍ ယမန်နေ့နေ့လည် ၂ နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက ၂၀၂၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ အောင်မြင်စွာကျင်းပနိုင်ရေး၊ မဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းများ၊ ရေရရှိရေးဆောင်ရွက်မှု၊ သင်္ကြန်ယိမ်းအဖွဲ့များ၊ ဖွင့်ပွဲ/ပိတ်ပွဲ အစီအစဥ်များအား စည်ကားသိုက် မြိုက်စွာကျင်းပနိုင်ရေး၊ ဧည့်ခံကျွေးမွေးရေးနှင့်ဖျော်ဖြေ ရေးအစီအစဥ်များ၊ လုံခြုံရေးကဏ္ဍများ၊ နှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲကျင်းပဆောင်ရွက်မည့် အစီအစဥ်များအားဆွေး နွေးပြော ကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် မဟာသင်္ကြန်ပွဲတော်ကာလနှင့် နှစ်ဆန်းတစ်ရက်နေ့တွင် ဆောင်ရွက်မည့်အစီအစဥ်များနှင့်ဆောင်ရွက်ရန်အစီအစဥ်များ ကိုဆွေးနွေးတင်ပြခဲ့ရာ တင်ပြချက်များအပါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မဟာသင်္ကြန်ပွဲတော် နှစ်သစ်ကူးကာလအတွင်းစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းကဏ္ဍများ အလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးသန့်(ရွာငံ)