ဥတ္တရသီရိ ဧပြီ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ လေ့လာဖတ်ရှုနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု မှတ်တမ်းဓာတ်ပုံ များပြသထားခြင်းများကို ဥတ္တရခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထိုက်တင်ထွေးနှင့် အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်နှင့် မှတ်တမ်းဓာတ်ပုံများတွင်ပါဝင်သည့် ကျန်းမာရေးအသိပညာပေး ပိုစတာများ၊ လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ် စာစောင်များ၊ လူကုန်ကူးမှု အန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ၊ နိုင်ငံတော် အကြီးအကဲများ၏ မှတ်တမ်းဓာတ်ပုံများ၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်သည့် ဟောပြောပွဲများ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ စာစီစာကုံးနှင့် ပုံပြင်ပြောပြိုင်ပွဲများ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို ပြသထားလျက်ရှိကြောင်း သိရသည်။
ကျော်စွာဟိန်း(ခရိုင်ပြန်/ဆက်)