ဇေယျာသီရိ ဧပြီ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club)နှင့် နေပြည်တော် စာပေဝိုင်းမှ စာရေးဆရာများက စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက် အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဇေယျာသီရိမြို့နယ်၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းကျင်းပခြင်းသည် အကျိုးကျေးဇူးများစွာရှိပါကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတပြည့်ဝစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထ ကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန်ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုးသူများ အချင်းချင်း ချစ်ခင်စည်းလုံးမှု ပိုမိုရရှိစေရေးရည်ရွယ်ကာ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြစ်ပါကြောင်း နှင့် စာရေးဆရာမ ဇင် (ရန်ကုန်တက္ကသိုလ်) ရေးသားထားသည့် “အိမ်အပြန်မွေးနေ့လက်ဆောင်နှင့် အတွေးသစ်ဆောင်းပါးများစုစည်းမှု’’ စာအုပ်ပါအကြောင်းအရာများအား မိတ်ဆက် ဆွေးနွေးခဲ့သည်။
ထို့နောက် နေပြည်တော်စာပေဝိုင်းမှ မေချို(ပျဉ်းမနား)၊ ဟန်ညွန့်(ယဉ်ကျေးမှု)၊ ဦးအောင်ဝေ၊ စာရေး ဆရာသဘာဝ၊ ကျော်လွင်မြင့် (မှော်ဝန်း)၊ ဈာန်(စွမ်းအင်)၊ ချယ်ချယ်(YU)၊ အိုင်ပီမျိုးအောင်၊ ဘကျော် (နေပြည်တော်)တို့နှင့် ဇေယျာသီရိမြို့နယ်၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းမှ စာရေးဆရာ ရဲမွန်ကျော်၊ စာရေးဆရာ စိန်ဝင်းနွယ်နှင့် စာပေဝါသနာရှင်များက စာရေးဆရာမ ဇင် (ရန်ကုန်တက္ကသိုလ်) ရေးသားထား သည့် “အိမ်အပြန်မွေးနေ့လက်ဆောင်နှင့် အတွေးသစ်ဆောင်းပါး များစုစည်းမှု” စာအုပ်ပါ အကြောင်းအရာများအား အသီးသီးဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲသို့ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်နှင့် ဝန်ထမ်းများ၊ စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ ဝင်များ၊ စာပေချစ်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)