ဥတ္တရသီရိ ဧပြီ ၆
ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ပန်းကြယ်သီးထိုးနည်း သင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြားပေးခြင်းကို ဧပြီလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ၃ရက်ကြာ သင်ကြားပို့ချခဲ့သည်။
အဆိုပါသင်တန်းတွင် ဥတ္တရသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက လူငယ်များနွေရာသီ ကျောင်းပိတ်ရက်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပန်းကြယ်သီးထိုးနည်းသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆရာမဒီဇိုင်နာချယ်ရီမှ သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းတွင် သင်တန်းနည်းပြဆရာမ ဒီဇိုင်နာချယ်ရီက ကြိုးချုပ်နည်း၊ ပုစဉ်းခေါင်းသီး၊ စံပယ်ပန်းပုံ၊ ထပ်တရာပန်းပုံ၊ နှာမောင်းပုံ၊ လိပ်ပြာပုံ၊ ခရုခွေပုံ၊ စင်္ကြာပန်းပုံ၊ ပန်းခက်အနွယ်ပုံ စသည့်ပန်းကြယ်သီးထိုးနည်း(၉)မျိုးကို စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)