နွားထိုးကြီး ဧပြီ ၆
နွားထိုးကြီးမြို့၊ အမှတ် (၁) ရပ်ကွက်အတွင်းရှိ ထန်းငယ်တောကျောင်းတိုက်ဓမ္မဂုဏ်ရည်ဓမ္မဗိမာန်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ၂၀၂၂ ခုနှစ်တွင် ကျင်းပသော ပါဠိပထမပြန် စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့သည့် စာအောင်သံဃာတော်များအား ပူဇော်သည့်စူဠဘွဲ့နှင်းသဘင် အောင်လတ်မှတ် ကပ်လှူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃဝန်ဆောင်ဆရာတော် ဦးတေဇနိယထံမှ ငါးပါး သီလခံယူပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပညောဘာသက ဆုနှင်းသဘင်နှင့်ပတ်သက်၍ မိန့်ကြားခဲ့သည်။ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များက အကြီးတန်းအောင် (၂) ပါး၊ အလတ်တန်းအောင် (၅) ပါး၊ အခြေပြုမူလတန်းအောင် (၁၆) ပါး ပါဠိပထမပြန်စာမေးပွဲ အောင်မြင်သော သံဃာတော်များ၊ သီလရှင်ဆရာလေးများ စုစုပေါင်း (၂၃) ပါးကို ဘွဲ့တံဆိပ်တော်နှင့် လှူဘွယ်ဝတ္ထု များ ဆပ်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်