မုံးကိုးမြို့ရှိ  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း၊ စာအုပ်စာစောင်ပြပွဲဆောင်ရွက်

မုံးကိုး  ဧပြီ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ဒေသခံပြည်သူများ အသိပညာဗဟုသုတရစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လည် (၁)နာရီအချိန်တွင် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မုံးကိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးကိုယ်စား ဒေါ်လွေးအမ်ဆေး(ရုပ်/သံ-၃)က စာအုပ်စာပေသည်လူသားတို့အတွက်အရင်းအနှီးတစ်ခုဆိုတာကို အစချီ၍ ပြောကြားကာ စာအုပ်၏အရေးပါပုံများကိုပြောကြားခဲ့ပါသည်။ ဆက်လက်၍ စာရေးဆရာခင်မောင်ညို (ဘောဂဗေဒ)၏ "မန်နေဂျာသုံးယောက်'´ စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်ခဲ့ပါသည်။ အဆိုပါစာအုပ်ထဲတွင် လူမှုစီးပွား အတွေးအမြင်စာစုဖြစ်သောကြောင့် စာပေချစ်မြတ်နိုးသူများ စိတ်ပါဝင်စားစွာ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ထို့အပြင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သည့် ဌာနဖြစ်သည့်အတွက် မုံးကိုးမြို့ အတွင်းရှိ ဒေသခံပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်၊ စာအုပ်စာပေဖတ်ရှုလေ့လာမှု တိုးပွားလာစေရန်၊ စာအုပ်စာစောင်များအပေါ် စိတ်ဝင်စားမှုရှိပြီးရင်းနှီးထိတွေ့မှုများ ရရှိစေရန်ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲခင်ကျင်းပြသခြင်းကိုပါ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   

ဖူးဖူး(မုံးကိုး)