မြောက်ဦး ဧပြီ ၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြောက်ဦးခရိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်မှ သင်္ကြန်ကာကလရုံးပိတ် ရက်များအတွင် ဌာနဆိုင်ရာများထွက်ခွာမည်ဆိုလျှင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အကြောင်းကြားပြီးမှ သွားလာကြရန်နှင့် မြို့ပေါ်ရပ်ကွက်များတွင် သောက်သုံးရေများပြတ်လပ်မှုမရှိစေရန်လက်ဆည်ကန်မှရေများ (၃) ရက်တစ်ခါရပ်ကွက်အလိုက် ဖြန်ဝေပေးသွားဖြစ်ကြောင်း စသောအကြောင်းအရာများကို ပြောကြားခဲ့ သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်မှလည်း NGO၊ INGO အဖွဲ့အစည်းများ သင်တန်းများဖွင့်လှစ်သင်ကြားမည်ဆိုလျှင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကို ကြိုတင်အကြောင်း ကြားကြရန်၊ ကိုဗစ်ကာကွယ်ဆေးမထိုးနှံဘဲ ကျန်ရှိနေသော စာသင် ကျောင်းအလိုက် ကျောင်းသား၊ကျောင်းသူများကို ထိုးနှံကြရန်နှင့် မြို့ပေါ်ရပ်ကွက်ရှိ ဆီဆိုင်များသို့ သက်ဆိုင်ရာဌာနများမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးကြ ရန် စသည်တို့ကိုပြောကြားခဲ့ပြီးနောက် ခေတ္တခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုရဲမှူးဇော်မျိုးလွင်မှလည်းသက်ဆိုင်ရာဌာနဆိုင်ရာများမှ ယဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ပြည်သူတို့ သိရှိနိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ကြရန် တို့ကို ပြောကြားခဲ့သည်။ ပြီးနောက် ခရိုင်အဆင့်ဌာနဆိုင်ရာများမှလည်း မိမိတို့ဌာနအလိုက် လိုအပ်သည်များသည်များကို ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းများအပေါ် ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း သိရသည်။
မြင့်စိုး၊ စိုးငြိမ်းနိုင်(ပြန်/ဆက်)