လမ်းမတော် အောက်တိုဘာ ၂
လမ်းမတော်မြို့နယ်ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်ပြည်သူများ၏ တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ဖြည့်စွက်မှုများအရ ထပ်မံစိစစ်ပြုစုထားသည့်မဲဆန္ဒရှင်စာရင်းများကို အောက် တိုဘာလ (၁)ရက်နေ့မှ (၁၄)ရက်နေ့ထိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် နောက်ဆုံး အ ကြိမ် (၁၄)ရက်ကြာ ထပ်မံကပ်ထားကြေညာမည်ဖြစ်ကြောင်းသိရသည်။
မဲစာရင်းများကပ်ထားကြေညာရာတွင် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ် ထားကြေညာခြင်း နှင့်မဲဆန္ဒရှင်စာရင်းများလာရောက်ကြည့်ရှု့ရန် အခက်အခဲရှိပါကမဲဆန္ဒရှင်စာရင်း ကြည့်ရှု့စစ်ဆေးမည့် Web findyourpollingstation.uec.gov.mmတွင်ဝင်ရောက်ကြည့်ရှု့စစ်ဆေးနိုင် သည့် အပြင် Mobile Applicationဖြစ်သော findyourpollingstation.apkကို Downloadရယူပြီး မဲစာရင်းတွင် မိမိ အမည်ပါ/မပါကြည့်ရှု့စစ်ဆေးနိုင်ပါကြောင်းနှင့်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ stay at home အစီအစဉ် တွင်အကျုံးဝင်သော မြို့နယ်များမှ မဲဆန္ဒရှင်ပြည်သူများ မဲဆန္ဒရှင်စာရင်း လာရောက် ကြည့်ရှုရာတွင် အခက်အခဲရှိနိုင် သဖြင့်ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အထူးအစီအစဉ် တစ်ရပ် အနေဖြင့် ဆောင်ရွက်ထားသော၂၆.၉.၂၀၂၀ ရက်ထိပြုစုထားသည့်မဲဆန္ဒရှင်စာရင်းထည့်သွင်း ထား သည့် web application ဖြစ်သော http://bit.ly/yangon-voters တွင်ဝင်ရောက်ကြည့်ရှုစစ်ဆေးခြင်း၊ ပုံစံများ ဖြင့်ဆက် သွယ်လျှောက်ထားခြင်းဆောင်ရွက်နိုင်ပါကြောင်း သိရှိရသည်။
ကျော်ဆန်းမြင့်(လမ်းမတော် ပြန်/ဆက် )