မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကဏ္ဍ တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

မော်လမြိုင်  ဧပြီ   

မွန်ပြည်နယ် မော်လမြိုင်မြို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကဏ္ဍ တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို မော်လမြိုင်မြို့၊ အမှတ်() အခြေခံပညာအထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ်ပညာရေးမှူး ညွှန်ကြားရေးမှူး ဒေါက်တာချိုချိုမြတ်အောင်၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ  ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း က ယနေ့ပညာရေးမှာ KG မှ Grade-12 အထိစုစုပေါင်း(၁၃)နှစ်တာ ပညာသင်ကြားရမည်ဖြစ်ကြောင်း၊ မူ/လယ်/ထက် အဆင့်တိုင်းတွင် ကျောင်းသား/သူများ သိသင့်သိထိုက်သည့်အသိများကို ထည့်သွင်းသင်ကြားရမည်ဖြစ်ပြီး မူလတန်းအဆင့်တွင် ဉာဏဗလ၊ ကာယဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့်ဘောဂဗလစသည့် ဗလ()တန် ဖွံ့ဖြိုးမှုနယ်ပယ်များပါဝင်ပြီး အလယ်တန်းနှင့်အထက်တန်းအဆင့်တွင် (5C) ဖြစ်သည့် ဆက်သွယ်ပြောဆိုခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ အသစ်ဖန်တီးနိုင်စွမ်းရှိခြင်း၊ လေးနက်စွာတွေးခေါ်ခြင်းနှင့် နိုင်ငံသားကောင်းစိတ်ဓါတ်ရှိခြင်း စသည့် ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများရရှိရန် လေ့ကျင့်သင်ကြားရမည်ဖြစ်ကြောင်း ယနေ့ကျင်းပသော အခြေခံပညာကဏ္ဍ တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ပြီးသည့် အချိန်မှစပြီး မိမိတာဝန်ကျရာကျောင်းသို့ ရောက်ရှိပါက အဆင့်တိုင်းအတွက် တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာများကို မှန်ကန်စွာ လက်တွေ့အသုံးချ စစ်ဆေးအကဲဖြတ်နိုင်ပြီး လူ့ဘောင်အဖွဲ့အစည်းအား ကောင်းမွန်မှန်ကန်စွာ အကျိုးပြုနိုင်သော နိုင်ငံသားကောင်းများ ပေါ်ထွန်းလာစေရန် ကြိုးပမ်းအားထုတ်ကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မွန်ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်မှ အလုပ်ရုံဆွေးနွေးပွဲဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့်ဆရာ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)