ကျိုက်မရောမြို့လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ကျိုက်မရော ဧပြီ ၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)နှင့်ပူးပေါင်း၍   စာရေးဆရာ အကြီးကိုကို၊ ကသာရေးသားသည့် လူငယ်တွေအတွက် အောင်မြင်မှုအတွေးစကား ၇၇ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့​ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချိုမြတ်မြတ်ထွေးက လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ချက်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းကိုကျင်းပရာ မေသရဖူ လူငယ်များအသင်းမှ ဒေါ်မိုးမိုးစံက ဦးဆောင်ဆွေးနွေးသူအဖြစ်စတင်၍ စာရေးသူအကြီးကိုကို၏ အောင်မြင်မှု အတွေးစကား ၇၇ မှ သူကသူ/ငါကငါ စာပိုဒ်ကို စတင်ဆွေးနွေးပြီး book Club အဖွဲ့ မှ မအိအိထွန်းက လူသားအရင်းအမြစ် စာပိုဒ်နှင့် မပျင်းပါနဲ့ စာပိုဒ်ကို ဆွေးနွေးခဲ့ပြီး စာဖတ်သူအချင်းချင်းက မိမိတို့ ဖတ်ရှုပြီးသော စာပိုဒ်များ၏ အနှစ်သာရများကို အချင်းချင်းအပြန်အလှန် ဆွေးနွေးကာ ဗဟုသုတချင်း ဖလှယ်ခဲ့ကြသည်။

စာရေးသူ အကြီးကိုကို၏ လူငယ်တွေ အတွက်အောင်မြင်မှု အတွေးစကား စာအု​ပ်အပေါ် ဖတ်ရှုလေ့လာခြင်းဖြင့် လူငယ်အများစုအတွက် အသိပညာဗဟုသုတများစွာကို တိုးပွားစေသည့်အပြင် စာဖတ်ရှိန်မြှင့်မားရေးအတွက်လည်း အကျိုးကျေးဇူးများစွာ ရရှိစေကြောင်း Book Club အဖွဲ့ခေါင်းဆောင်ဒေါ် မိုးမိုးစံ ကပြောပါသည်။

မြို့နယ်(ပြန်/ဆက်)