ပေါင် ဧပြီ ၅
ပေါင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများဖွဲ့စည်း တာဝန်ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က ပေါင်မြို့နယ်အတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် ရေကစားမဏ္ဍပ်များ ဆောက်လုပ်ရေး၊ ရေလုံလောက်မှုရှိစေရေး၊ ကြိုဆိုနေရာချထာရေးနှင့်ဧည့်ခံရေး၊ လုံခြုံရေး စသည်တို့ကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းရှင်များပူးပေါင်းကာ ဆောင်ရွက်ကြရန်လိုကြောင်း အတာသင်္ကြန်ပွဲကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက် ကော်မတီအလိုက် ဖွဲ့စည်းတာဝန်များ ပေးအပ်ထားပြီးဖြစ်ရာ ကော်မတီဝင်များအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးပေးစေလိုကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်တီဝင်များက မဟာသင်္ကြန်ကာလအတွင်း မိမိတို့ကော်မတီအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများ၊ လိုအပ်ချက်များကို ရှင်းလင်းတင်ပြ ဆွေးနွေးကြရာ ဆွေးနွေးတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)