မိုးနဲမြို့၌ ရောင်းချလျက်ရှိသော ဆေးဆိုင်၊ အလှကုန်ဆိုင်များအား ပူးပေါင်းအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး

မိုးနဲ ဧပြီ ၅

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (တောင်ကြီး)မှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီက အချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (တောင်ကြီး) FDA မှ ဒေါက်တာကျော်သန်းဌေးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်ကုသ‌ရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇင်မီဟန်နှင့် အဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသည့် အိမ်သုံးဆေးဆိုင်များနှင့် အလှကုန်ပစ္စည်း အရောင်းဆိုင်များတွင် တားမြစ်ဆေးများ၊ မူးယစ်ဆေးအုပ်စုဝင်ဆေးများ၊ ခွင့်ပြုချက်မရှိသည့် ကြီးကြပ်ကန့်သတ်ဆေးဝါးများ၊ ထိန်းချုပ်ဆေးဝါးများ၊ သက်တမ်းလွန်ခါနီးဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ ဆေးဝါးမှတ်ပုံတင် မရှိသည့် ဆေးဝါးများ၊ သုံးစွဲရန်မသင့်သောဆေးဝါးများ ဝယ်ယူတင်သွင်း ဖြန့်ချီရောင်းချမှုမရှိစေရေး လိုက်လံစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိပါက အမျိုးသားဆေးဝါး ဥပဒပါပြဋ္ဌာန်းချက်များအရ အရေးယူအပြစ်ပေးခံရနိုင်သည့် အခြေအနေများကို အသိပညာပေးဆွေးနွေး ပြောကြားခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)