ကွမ်းခြံကုန်း ဧပြီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် (Youth Cloub) အသင်းမှ ယမန်နေ့က စာရေးဆရာလယ်တွင်းသားစောချစ် ရေးသားသည့် ပန်းလိုခြင်းအပင်ပျိုးတတ်မှစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်နန့်ဆွေနွယ်ဦး (ဦးစီးအရာရှိ) မှ တက်ရောက်လာသူများအား စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး (Youth Club) ဥက္ကဋ္ဌ၊ မရွှန်းလဲ့မေမွန်က ပုံပြင်ထဲမှာ အလိမ္မာအကြောင်းအရာအားလည်းကောင်း၊ (Youth Club) အဖွဲ့ဝင် မနှင်းဝေလှိုင်းက ပန်းလိုနုနယ် ကလေးငယ်အကြောင်းအရာအား လည်ကောင်း၊ မသင်းသီရိက သုတစာပေဖတ်ပါစေ စသည့်အကြောင်းအရာပါ (စာရေးဆရာ) လယ်တွင်းသား စောချစ်ရေးသားသည့် ပန်းလိုချင် အပင်ကိုပျိုးတတ်မှ စာအုပ်အားဖတ်ကြား ဆွေးနွေးခဲ့ရာ ၎င်းစာအုပ်ပါ အကြောင်းအရာများကို အမြင်ချင်းဖလှယ်ကာ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online page မှတစ်ဆင့်စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်းအပြင် စာအုပ်များ ငှားရမ်းပေးခြင်း၊ ပြပွဲများ၊ပြိုင်ပွဲများ၊ သင်တန်းများ ကျင်းပပြုလုပ်ပေးခြင်း၊ (Talk Show) နှင့် စာဖတ်ဝိုင်းများကိုလည်း စဥ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေနွယ်