ပုဗ္ဗသီရိမြို့နယ်၌ ပြည်သူများအား စားအုံးဆီ တစ်ပိဿာလျှင် ၄၉၅၀ ကျပ်နှုန်းဖြင့် ရောင်းချပေး

ပုဗ္ဗသီရိ ဧပြီ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်၌ ပြည်သူများ စျေးနှုန်းသက်သာစွာ ဆီဝယ်ယူနိုင်ရေးအတွက် နေပြည်တော်ဆီလုပ်ငန်းရှင်များ အသင်းမှ  ယနေ့နံနက်ပိုင်းက ဆီများရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံစားသုံးသူရေးရာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများပူးပေါင်း၍ အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီတစ်ပိဿာလျှင် ၄၉၅ဝ ကျပ်နှုန်းဖြင့် စားအုန်းဆီ ၄၉၄ ပိဿာအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)