ကွမ်းလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မီးဘေးအန္တရာယ် အသိပညာပေး Talk Show ရိုက်ကူးထုတ်လွင့်

ကွမ်းလုံ ဧပြီ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပူပြင်းခြောက်သွေ့သော နွေရာသီကာလ၌ မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်မှကင်းဝေးပြီး အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ် အသိပညာပေး Online Talk Show ရိုက်ကူးထုတ်လွင့်ခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပြီး ရိုက်ကူး ထုတ်လွင့်ခဲ့ကြောင်းသိရသည်။

အဆိုပါ မီးဘေးအန္တရာယ် အသိပညာပေး Online Talk Show ရိုက်ကူးထုတ်လွင့်မှုတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက Online Talk Show ရိုက်ကူးထုတ်လွင့်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကွမ်းလုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲနောင်ဆွေက ပူပြင်းခြောက်သွေ့သောနွေရာသီကာလ၌ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မိဘပြည်သူများအနေဖြင့် ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မီးဘေးအန္တရာယ်ကြုံတွေ့စဉ်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းကို ဆွေးနွေးပြောကြားခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွမ်းလုံမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မိဘပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် လစဉ် ပြပွဲ/ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ Talk Show ရိုက်ကူးထုတ်လွင့်ခြင်းလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရသည်။

မြို့နယ်(ပြန်/ဆက်)