ရွှေပြည်သာမြို့နယ်၌ Township Seminar On PMTCT သင်တန်းဖွင့်လှစ်

ရွှေပြည်သာ ဧပြီ ၅

ရန်ကုန်တိုင်းဒေသကြီး ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲနှင့် ရွှေပြည်သာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Township Seminar On PMTCT သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာရန်နောင်ထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးတို့ကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့် ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့မှ Township Seminar On PMTCT သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြောင်း သိရသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာရန်နောင်ထွန်း၊ ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသက်စုမွန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မင်္ဂလာဒုံခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာခင်စန္ဒာအောင်၊ ရန်ကုန်တိုင်းဒေသကြီး ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ အထူးကုဆေးခန်းများနှင့် သားဖွားခန်းများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေမျိုးထွန်း