ရန်ကုန် ဧပြီ ၅
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများအား ပေါင်းစပ်ဖြေရှင်းဆောင်ရွက်နိုင်ရန်တွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ဗိုလ်မှူးကြီး ငြိမ်းဝဏ္ဏက နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များအရ မြို့နယ်အတွင်းရှိ ပြည်သူများ၏ လိုအပ်ချက်များ၊ ဖွံ့ဖြိုးရေးလုပ်ဆောင်ရန် လိုအပ်ချက်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများအား ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရန် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြည်သူများ၏ ပညာရေးဆိုင်ရာ လိုအပ်ချက်များ၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ၊ လမ်းတံတားနှင့် တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းများဆိုင်ရာ လိုအပ်ချက်များ စသည်တို့ကို ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးက ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တင်ပြထားသည့် ရပ်ရွာဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်နှင့် လိုလားချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောက်ရွက်သွားမည့် လုပ်ငန်းစဥ်များကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ