မူဆယ် ဧပြီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ရှမ်းတို့၏ ဓလေ့ရိုးရာမပျက် ရှင်လောင်းလှည့်လည်ခြင်းများကို ယနေ့ နံနက်ပိုင်း ၁၀ နာရီက မဟာဝန်မြောက်ကျောင်းမှ စထွက်ပြီး ပြည်ထောင်စုလမ်းမတစ်လျှောက် လွယ်တိန်းခမ်းကျောင်းတော်ထိ လှည့်လည်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရှင်လောင်းလည့်လည်ရာတွင် ရှင်လောင်းတို့၏ ဖခင် အလှူဒါယိကာ၊ မိခင်အလှူ ဒါယိကာမများနှင့် လှပျိုဖြူများက ရှမ်းရိုးရာဝတ်စုံများ ဝတ်ဆင်ကာ အလှူဖွယ်ပစ္စည်းများကို ကိုင်ဆောင်ပြီး ရှမ်းရိုးရာများဖြစ်သည့် ဗုံ၊ အိုးစည်၊ မောင်းများဖြင့် ရှမ်းရိုးရာအကများဖြင့် လှည့်လည်ခြင်း၊ လူပျိုများကလည်း ရှင်လောင်း(၁၁၄)ပါးကို ပခုံးပေါ်ထမ်းကာ ရှင်လောင်းအလှူ့ဒါယိကာနှင့် ဒါယိကာမများ ၁၀၀၀ ကျော်ဖြင့် ပြည်ထောင်စုလမ်းမတစ်လျှောက် စည်ကားပျော်ရွှင်စွာ လှည့်လည်ခဲ့ကြသည်။ ယင်း ရှင်လောင်းလှည့်ခြင်းသည် ရှမ်းတို့၏ နှစ်စဉ်ကျင်းပသည့် ဓလေ့ရိုးရာ တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
ခရိုင်(ပြန်/ဆက်)