နမ့်ခမ်း ဧပြီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူသော သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို နမ့်ခမ်းမြို့၊ မြို့လယ်ဘုရားအတွင်း၌ ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်နယ်သံဃာနာယကအဖွဲ့ ဆရာတော်ထံမှ ငါးပါးသီလခံယူခဲ့ကြပြီးနောက် လှူဖွယ်ဝတ္ထုများကို ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များ (၃၅)ပါး၊ ပရိယတ္တိ သဒ္ဓ ပါလစာအောင်ဆုရရှိသော သံဃာတော် (၂) ပါးနှင့် ဘွဲ့ရလူပုဂ္ဂိုလ် (၁)ဦးတို့အား ရှေ့တန်း အမှတ်(၇) စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ်မှ တပ်မမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီး ဆက်ကပ်လှူဒါန်း ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ပြည်နယ်သံဃာနာယက ဆရာတော်ထံမှ အနုမောဒနာတရားများကိုနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခြင်းကို ပြုလုပ်ခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
နမ့်ခမ်း(ပြန်/ဆက်)