ပင်းတယ ဧပြီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ရွှေဖီမိုးလွတ်လ္ဘက်ခြောက်များ စျေးကောင်းရရှိနေကြောင်း သိရသည်။ လ္ဘက်စိုက်ပျိုးသူ တောင်သူတစ်ဦးမှ “လ္ဘက်ပင်များကို ဘိုးဘွားလက်ထက်ကတည်းက အစဥ်အဆက်စိုက်ပျိုးပါတယ် လ္ဘက်ပင်များကို ငါးနှစ်ကျော်လျှင် စတင် ခူးဆွတ်ရပါပြီ တစ်နှစ်မှာ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလမှ လွဲပြီးကျန်သည့်လများတွင် ခူးဆွတ်ရပါတယ် ယခုမတ်လဆန်းပိုင်းမှာ ထွက်တဲ့လ္ဘက်တွေက ရွှေဖီမိုးလွတ်ဖြစ်တဲ့အတွက် လ္ဘက်ခြောက်ပြုလုပ်တယ် လူတိုင်းက ရွှေဖီမိုးလွတ်လ္ဘက်ခြောက်ကို အလွန်ကြိုက်တယ် ရောင်းရတာလည်းစျေးကောင်းရပါတယ်လို့” ပြောပြသည်။
ယခုနှစ်တွင် ရွှေဖီမိုးလွတ်လ္ဘက်စိုတစ်ပိသာကို ၂၃၀၀ိ/-ကျပ်မှ ၂၅၀၀ိ/-ကျပ်အထိရရှိပြီး၊ရွှေဖီမိုးလွတ် လ္ဘက်ခြောက်တစ်ပိသာကို ၁၀၀၀၀ိ/-ကျပ် ရောင်းချရကြောင်း သိရပြီး၊ ပင်းတယမြို့နယ်တွင် လ္ဘက်ပင်များကို တောင်ပေါ်ဒေများဖြစ်သည့် တောင်ပေါ်ကြီး၊ ထွက်နီ၊ ကျေးတွင်း ကုန်း၊ ဆီးကျအင်း၊ ထွက်နီ၊ မြေနီတောင်၊ ပါးမဲစသည့် ကျေးရွာများတွင် အဓိကစိုက်ပျိုးကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)