လှည်းကူး ဧပြီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုများ ရရှိတိုးပွားစေရန် Online မှတဆင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ ယနေ့မွန်းလွဲ (၂)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)တို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးအန္တရာယ်တာဆီး ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် လှည်းကူးမြို့နယ်ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင်ဒေါ်သင်းသင်းရွှေက မူးယစ်ဆေးဝါးစတင်ပေါ်ပေါက်လာပုံ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ ကျောင်းသား လူငယ်များ မူးယစ်ဆေးဝါးနှင့် ပက်သက်သည့် ရှောင်ရန်အချက်များကို အကျယ်တဝင့်ဆွေးနွေးကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ ဆက်)