ဥတ္တရသီရိမြို့နယ်တွင် ရေစီးနဲ့အတူမျောပါသွားသော အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

 

ဥတ္တရသီရီ         အောက်တိုဘာ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် စက်တင်ဘာ (၃၀)ရက်ညပိုင်းက မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ချောင်းမကြီးချောင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ကာ ဥတ္တရသီရိရပ်ကွက်၊ ဇော်ဂျီတွင်း တဲစုအတွင်း ချောင်းရေဝင်ရောက်၍ လူနေအိမ်(၄)လုံး ရေစီးနှင့်အတူ မျောပါသွားခဲ့ပြီး အဆိုပါ အိမ်ထောင် စုများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက ဥတ္တရ သီရိရပ် ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်း(ဇော်ဂျီတွင်း)တွင် ပြုလုပ်ခဲ့သည်

အဆိုပါ ချောင်းရေတိုက်စားမှုကြောင့် ရေစီးနှင့်အတူ မျောပါသွားသည့် အိမ်ထောင်စု (၄)စုအတွက် တစ်အိမ် ထောင်လျှင် ငွေကျပ်တစ်သိန်းနှင့်ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးကို နေပြည်တော် သဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်း၊ ဥတ္တရသီရိမြို့နယ်၊ အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းယုနှင့် တာဝန်ရှိသူများက သွားရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)