တုံတာမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဟောပြောပွဲ၊‌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

တုံတာ ဧပြီ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ဟောပြောပွဲ‌၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီချိန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်အဲန်း‌မေရီက ကလေးများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုး၊ စာအုပ်ထဲမှ စာဖတ်ခြင်းနှင့် Onlineက စာဖတ်ခြင်း၏ ကွာခြားချက်အကြောင်း အကျယ်တဝန်း‌ ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲကို‌  ရပ်ကွက်နေ က‌လေး‌စုစု‌ပေါင်း (၁၄)ဦးမှ ဝင်‌ရောက်ယှဥ်ပြိုင်ကြပြီး လူကုန်ကူးမှု အန္တရာယ် တားဆီးကာကွယ်ရေးအ‌ကြောင်းတွင်ပါဝင်သည့် နံရံကပ်စာစောင်များအား က‌လေးများ အသိပညာဗဟုသုတရရှိနိုင်ရန် ပြသခဲ့ကြောင်း သိရသည်။

ထို့နောက် ရပ်ကွက်နေကလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ လူကုန်ကူးမှုးအန္တရာယ်တားဆီးကာကွယ်ရေး နံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

အဲန်းမေရီ