မြစ်သား ဧပြီ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်ကြီးများသို့ ယမန်နေ့ညပိုင်း (၆)နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင် ကာကွယ်တားဆီးရေးအတွက် သတိပေးနိူးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့ပေါ် (၆) ရပ်ကွက်များဖြစ်သည့်မြို့မအနောက်၊ မြို့မအရှေ့၊ ရွှေသူဌေး၊ ဘူတာ၊ မင်းကုန်းနှင့်ရှမ်းပွဲရပ်ကွက်များသို့ မီးကြွင်း၊ မီးကျန်များငြှိမ်းသတ်ရန် ၊ဘုရားမီးပူဇော်ပါကစနစ်တကျ ပူဇော်ကြရန်၊ လူနေအိမ်များအတွင်းလောင်စာဆီများ သိုလှောင်ခြင်းမပြုကြရန်၊ အမှိုက်မီးရှို့ပါက လူစောင့်ထားရှို့ကြရန်၊ ဟောင်းနွမ်းပျက်စီး နေသော လျှပ်စစ်မီးကြိုးနှင့် ပစ္စည်းများ အသုံးမပြုရန်၊ အုတ်ကန်ရေကန်များ ရေဖြည့်ထည့်ထားရန်၊ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေပုံးများ၊ မီးသတ်ဆေးဘူးများ အသင့်ထားရှိရန် မီးဘေးအန္တရာယ်ဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ အချိန်မီ ဆက်သွယ်သတင်းပို့ကြရန်တို့ကို အသံချဲ့စက်ဖြင့် သတိပေးနိူးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေးနိူးဆော်ရာ၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်ဦးစီး၍ သန္ဓေတပ်ဖွဲ့ဝင် (၄) ဦးနှင့် မြစ်သားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင် (၂) ဦးတို့ဖြင့် မီးဘေးကြိုတင်လိုက်လံသတိပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)