ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ​ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပုဗ္ဗသီရိ ဧပြီ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန​ ပြည်သူ့စာကြည့်တိုက်၌ "လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ" ကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက ပလတ်စတစ်များအသုံးပြုခြင်းအားဖြင့် ဖြစ်နိုင်သည့် ဆိုးကျိုးများကို သိရှိပြီး လျှော့ချအသုံးပြုရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက "ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း သိကောင်းစရာ" ​​ခေါင်းစဉ်ဖြင့် အသီးသီး ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သန္တာလင်း (ပုဗ္ဗသီရိ)