မူဆယ် ဧပြီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ နောင်ဟင်ကျေးရွာရှိ ခြေတော်ယာဘုရား စေတီငယ်သုံးဆူအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ထီးတော်တင်ပွဲ ကျင်းပခဲ့သည်။
အဆိုပါ ထီးတော်တင်ပွဲတွင် မူဆယ်မြို့ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ အလှူ့ရှင်ဒါယကာဦးစိုးမြင့်နှင့် အလှူရှင်ဒါယကာမ ဇနီးဒေါ်နန်းအေသိန်း မိသားစုတို့က ဦးဆောင်၍ ထီးတော်တင်လှူပူဇော်ခဲ့သည်။ ထို့နောက် ထီးတော်ပူဇော်ရာတွင် နောင်ဟင်ကျေးရွာ ကျောင်းဆရာတော် ဦးဆောင်၍ ကျေးရွာမှ ရပ်မိရပ်ဖများ၊ ဂေါပကလူကြီးများ စုံညီလက်ဆင့်ကမ်း၍ ဘုရားထီးတော်တင်ပူဇော်ခဲ့သည်။
ဆက်လက်ပြီး သရဏဂုံဆောက်တည်ခြင်း၊ (၅)ပါး သီလခံယူခြင်း၊ ရေစက်ချ အမျှဝေခြင်းများပြုလုပ်ခဲ့သည်။ အဆိုပါ ထီးတော်တင်ပွဲကို နောင်ဟင် ကျေးရွာသူ/ကျေးရွာသားများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)