မြစ်သားမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရောင်စုံစက္ကူပန်းအလှထိုးနည်းသင်တန်း ဖွင့်လှစ်သင်ကြား

မြစ်သား ဧပြီ ၅

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်းဖွင့်လှစ်သည့် ရောင်စုံစက္ကူပန်း အလှထိုးနည်း သင်တန်းကို ဧပြီလ (၃) ရက်နေ့ကစပြီး နေ့စဉ်မွန်းလွှဲ ( ၁ ) နာရီမှ ( ၃ ) နာရီထိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ရောင်စုံစက္ကူပန်း အလှထိုးနည်းသင်တန်းဖွင့်လှစ်ရခြင်းနှင့်  နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/ကျောင်းသူများအား တီထွင်ဖန်တီးတတ်သောညာဏ်များရင့်သန်စေရန် စသည့်ရည်ရွယ်ချက်များကိုပြောကြားပြီး သင်တန်းနည်းပြဒေါ်ခိုင်သန္တာလွင်နှင့်ဒေါ်အိရွှေလင်းတို့က ရောင်စုံစက္ကူဖြင့် နှင်းဆီပန်းပွင့်၊  ဂန္ဓမာပန်းပွင့်နှင့် သစ္စာပန်းခက်များစသည့် ပန်းပွင့်များနှင့် ပန်းအလှထိုးနည်း ပြုလုပ်ပုံအမျိုးမျိုးတို့ကို သင်တန်းသားတစ်ဦးချင်းစီ လက်တွေ့သင်ကြားပေးခဲ့သည်။

အဆိုပါ သင်တန်းကို ဧပြီလ (၃) ရက်နေ့မှ ဧပြီလ (၅) ရက်နေ့ထိ သင်တန်းကာလ (၃) ရက်ကြာ ကျီတော်ကုန်း (မူလွန်)၊ မင်းကုန်း (မူလွန်)၊ မြို့မနောက် (အမက) နှင့် ပေတော (အမက) မှ ကျောင်းသား/ကျောင်းသူ စုစုပေါင်းသင်တန်းသား ( ၁၅ ) ဦးတို့ တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

  ဝင်းမင်းထွန်း(မြစ်သား)