ရသေ့တောင် ဧပြီ ၅
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် လုထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရခိုင်စိုင်းဒြားဖွေ့ (ပုရပိုက်မူ) စာအုပ်သစ်မိတ်ဆက်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လည် ၁ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စာရေးဆရာနေမင်းကဗျည်း (၃၃)လုံး လှေတော်သံဟန်စွလေဖြင့် ဖွင့်လှစ်ပြီး ရခိုင်စိုင်းဒြားဖွေ့ (ပုရပိုက်မူ) စာအုပ်စီစဥ်ထုတ်ဝေရခြင်းနှင့် ပတ်သက်၍ အသျှင်က္ကန္ဒဝံသ (ကိန်းသာ)မှ ရှင်းလင်းပြောကြားရာတွင်ရ ခိုင်ဝေါဟာရစံများ မပျောက်သွားရန် ဘာသာဗေဒများကို လူငယ်များလေ့နိုင်အောင် လက်ရေးမူများနှင့်တကွ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် အခမ်းအနားသို့ ရောက်ရှိလာသော ကဗျာဆရာ၊ စာရေးဆရာများမှ တစ်ဦးချင်းစီ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အသျှင်က္ကန္ဒဝံသ(ကိန်းသာ)မှ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ စာအုပ်များလှူဒါန်းခဲ့ရာ ရုပ်/သံကျမ်းကျင်း(၃) ဦးအောင်သိန်းဝေက လက်ခံခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)