အလုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

အလုံ ဧပြီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့  ညနေ  ၃ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အလုံမြို့နယ်၊ စောရန်ပိုင်အနောက်ရက်ကွက်၊  သရဖီလမ်း၊ နွယ်နီလမ်းနေ ပြည်သူများ၏ နေအိမ်များအတွင်းရှိ ခြင်ခိုအောင်းနိုင်သော နေရာများအား ခြင်ဆေးဖျန်းခြင်း၊ ရေစည်၊ ရေအိုးများအတွင်းသို့ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းများကို အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်၊ အေးမေတ္တာပရဟိတအသင်းတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်တင်ချို (ပြန်/ ဆက်)