မြေပုံမြို့၌ ရေသန့်လုပ်ငန်းကွင်းဆင်းစီစစ်ရေးအဖွဲ့မှ ရေးသန့်စက်ရုံများသို့ ကွင်းဆင်းစစ်ဆေး

မြေပုံ ဧပြီ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌  ရေသန့်လုပ်ငန်းကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရေးသန့်ထုတ်လုပ်နေသည့်စက်ရုံများသို့ ယမန်နေ့နံနက် (၈) နာရီအချိန်က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်လင်းနိုင် ဦးဆောင်သော ရေသန့်လုပ်ငန်းကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် အိမ်တွင်းအသေးစားစက်မှု လုပ်ငန်းဖြစ်သော  ရေသန့်လုပ်ငန်းများမှ ပြည်သူများသို့ဖြန့်ဖြူးနေသော သောက်သုံးရေများအား သုံးစွဲသူများ၏ကျန်းမာရေးနှင့် ကိုက်ညီစေရန်အတွက် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ရေသန့်စက်ရုံ (၅) ရုံသို့ကွင်းဆင်း၍ ခွင့်ပြုချက်များနှင့်အညီ သောက်သုံးသူများ၏ ကျန်းမာရေးနှင့်ညီညွတ်စေရန် စစ်ဆေးခဲ့ကြောင်းသိရသည်။

 တင်ဝင်း