ကျိုက်မရော ဧပြီ ၄
ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦဂစီးဌာနတို့ ပူးပေါင်း၍ အမျိုးသမီးငယ်များ မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နှင်းနှင်းယု က တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက သင်တန်း နှင့်ပတ်သက်သည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မူ နည်းပညာသင်တန်းတွင် ယိုအမျိုးမျိုးနှင့် ဖျော်ရည် ထုတ်လုပ်မှုနည်းပညာများကို လက်တွေ့ထုတ်လုပ်ပေးနိုင်သည်အထိ သင်တန်းနည်းပြ ဆရာမများက စနစ်တကျ သင်ကြားပေးမည်ဖြစ်ကြောင်း သင်တန်းအပြီးတွင် မိသားစု တစ်နိုင်တစ်ပိုင် ထုတ်လုပ်ရောင်းချနိုင်သည်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သင်တန်း နည်းပြဆရာမ သုသေသနလက်ထောက်(၃) ဒေါ်နိုးနိုးဦးက ပြောကြားခဲ့သည်။
သင်တန်းသို့ ရှင်စောပုရပ်ကွက်အတွင်းမှ သင်တန်းသူ (၁၅)ဦး တက်ရောက်လျက်ရှိပြီး သင်တန်း ကာလမှာ ဧပြီ ၄ ရက်မှ ဧပြီ ၆ ရက်နေ့အထိ (၃)ရက်ကြာမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)