ကျောက်မဲမြို့တွင် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ကျောက်မဲ ဧပြီ ၄

ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် ယမန်နေ့ညနေ ၃  နာရီခွဲအချိန်က လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေကသင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ကျောက်မဲမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးစိုးမြင့်က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ကိုလည်းကောင်း၊ ကျောက်မဲမြို့နယ်၊ စီမံအုပ်ချုပ်ရေး အဖွဲ့အဖွဲ့ဝင် ဦးသန့်ဇော်ဝင်းက သင်တန်းသားများအား လက်ဆောင်ပစ္စည်းများကို လည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။

ဒေသခံပြည်သူများ တပိုင်တနိုင် အိမ်တွင်းမှုလုပ်ငန်းများလုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေများ ရရှိစေရန်ရည်ရွယ်၍ အဆိုပါသင်တန်းတွင် ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲနှင့် လက်သန့်ဆေးရည် ပြုလုပ်နည်းအဆင့်ဆင့်ကို စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၇၀ ရာခိုင်နှုန်းဖြင့် ၅ ရက်ကြာ အခမဲ့သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါသင်တန်းသို့ ‌ဒေသခံပြည်သူ ၂၀ ဦးတက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

မိုင်းထွန်း (ပြန်/ဆက်)