ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ ပုံတူပန်းချီ​ရေးဆွဲနည်းပြိုင်ပွဲ ကျင်းပ

ပုဗ္ဗသီရိ ဧပြီ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကလေးငယ်များ ဖိတ်ခေါ်၍ ပုံတူပန်းချီရေးဆွဲနည်းပြိုင်ပွဲ ပြုလုပ်‌ခြင်းကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက ကလေးငယ်များ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ ကြွယ်ဝစေရန်၊ လက်ချောင်း​လေးများ သန်မာ​စေရန်၊ အရောင်များကို သိနားလည်စေရန်နှင့် စိတ်ကူးစိတ်သန်းများ ကောင်းမွန်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ပြည်သူ့စာကြည့်တိုက်သို့ ဖိတ်ခေါ်ကာ ပြိုင်ပွဲပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် Book Club အဖွဲ့ဝင်များက ဦးဆောင်၍ ကလေးငယ်များအား ပုံတူပန်းချီရေးဆွဲနည်းပြိုင်ပွဲ ပြုလုပ်ပေးခဲ့ရာ ပြိုင်ပွဲတွင် ဆုရရှိသည့် ကလေးငယ်များအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြင့်ပေးခဲ့သည်။                                                      

အဆိုပါ ပြိုင်ပွဲသို့ ပုဗ္ဗသီရိမြို့နယ်၊ မိသားစု အဆင့်မြင့် ကိုယ်ပိုင်မူလတန်းကြိုကျောင်းမှ ကလေးငယ် (၂၂) ဦးပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)