မိုးမိတ်မြို့နယ်တွင် Community Centre ၌ အင်္ဂလိပ်စာ(Grammar)သင်တန်းဖွင့်လှစ်

မိုးမိတ် ဧပြီ ၄

ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်ပြည်သူ့ဗဟိုပြု Community Centre ၌ အင်္ဂလိပ်စာ (Grammar) သင်တန်းကို ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နေမျိုးပိုင်က နွေရာသီကျောင်းပိတ်ရက်များ၌ လူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ နိုင်ငံတော်မှအားထားရသည့် မျိုးဆက်သစ်လူရည်ချွန်များ ပေါ်ထွက်လာစေရေးကို အထောက်အကူပြုနိုင်ဖို့အတွက် ရည်ရွယ်၍ ယခုကဲ့သို့ အင်္ဂလိပ်စာ (Grammar) နွေရာသီသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို မတ်လ ၂၅ ရက်နေ့ကစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းကာလမှာ ဧပြီ ၂၈ ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူစုစုပေါင်းမှာ(၁၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စည်သူဌေး(ခရိုင်၊ ပြန်/ဆက်)